International News

ဝူဟန်ရောဂါပိုး ကူးစက်မှုအခြေအနေများကြောင့် စင်ကာပူ၏ စီးပွားရေးအပေါ် ထိခိုက်နိုင် လိုအပ်သော အထောက်အကူပြု အစီအမံများ ဆောင်ရွက်သွားမည်

Last Updated:

လက်ရှိ ဝူဟန်ရောဂါပိုး ကူးစက်ပျံ့နှံနေသည့် အခြေအနေကြောင့် ချက်ချင်းလက်ငင်း သက်ရောက်မှုရှိသော ခရီးသွား လာရေးနှင့်ဆက်စပ်သည့် လုပ်ငန်းကဏ္ဍများကို ထိခိုက်မှုဖြစ်ပေါ်ပြီး စင်ကာပူ၏ စီးပွားရေးအပေါ် သက်ရောက်မှု ရှိနိုင်သည့်အတွက် အကျိုးသက်ရောက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း စင်ကာပူ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနဝန်ကြီး Mr. Chan Chunm Sing က ၂၇.၁.၂၀၂၀ ရက် နေ့တွင် ပြုလုပ်ခဲ့သည့် အဆိုပါရောဂါပိုးနှင့်ပတ်သက်၍ ဖွဲ့စည်းထားရှိသော လုပ်ငန်းအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့ပါသည်။

စိုးရိမ်ဖွယ်ရှိသောကဏ္ဍများတွင် ဟိုတယ်၊ ခရီးသွားလာရေးအေဂျင်စီ၊ အစားအသောက်နှင့် အဖျော်ယမကာ၊ လက်လီ လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများပါဝင်ကြောင်း၊ ရောဂါထိန်းချုပ်နိုင်ရန် အချိန်ကာလတစ်ခုအထိ ကြာမြင့် သွားပါက ယခုနှစ်တွင် စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှုကျဆင်းကာ စင်ကာပူ၏ စီးပွားရေး အပေါ်ထိခိုက်မှုရှိမည်ဟု ဝန်ကြီးဌာနအနေဖြင့် သုံးသပ်ထားကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၀၃ ခုနှစ်တွင်  SARS ရောဂါ ဖြစ်ပွားခဲ့စဉ်က ဆောင်ရွက်ခဲ့သည့် အစီအမံများကဲ့သို့ စီးပွားရေးလုပ်ငန်းများ၏ ကုန်ကျစရိတ် ရောဂါဖြစ်ပွားခဲ့စဉ်က ဆောင်ရွက်ခဲ့သည့် အစီအမံများကဲ့သို့ စီးပွားရေး လုပ်ငန်းများ၏ ကုန်ကျစရိတ်နှင့် ငွေသားစီးဆင်းမှု အခက်အခဲများကို သက်သာစေရေး၊ အလုပ်သမားများအား ဆက်လက်ထိန်းသိမ်းခန့်ထားနိုင်ရေးတို့အတွက် လိုအပ်သော အထောက် အကူပြုသည့် အစီအမံများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့သည် စင်ကာပူရှိ ကုန်သည်လုပ်ငန်းရှင် အသင်းများ၊ အလုပ်သမားဝန်ကြီးဌာန၊ အမျိုးသားကုန်သွယ်ရေး သမဂ္ဂညီလာခံတို့နှင့် အနီးကပ်ပူးပေါင်း၍ ဆိုးကျိုး အနည်းဆုံးဖြစ်ပေါ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စင်ကာပူ ခရီးသွားလုပ်ငန်းအဖွဲ့သည်လည်း သက်ရောက်မှု များအပေါ် စီမံခန့်ခွဲနိုင်ရန်နှင့် လိုအပ်သောအကူအညီများ ပံ့ပိုးပေးနိုင်ရန် ကုန်သည်အသင်းများနှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း၊ စင်ကာပူ၏ စီးပွားရေး ဒူပေနာပေခံနိုင်မှု ကောင်းမွန်စေရေးအတွက် လိုအပ်သော အစီအမံ များကို ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၂၀၀၃ ခုနှစ်တွင် SARS ရောဂါဖြစ်ပွားခဲ့ချိန်၌ သက်ရောက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများက ဒေဝါလီခံခြင်းနှင့် အလုပ်သမား လျှော့ချြခင်းစသည့် အခြေအနေများကို ကျော်လွှားနိုင်စေရန် ဆောင်ရွက်ပေးခဲ့သော အစီအမံများတွင် လုပ်ငန်းများ၏ ပိုင်ဆိုင်ပစ္စည်းခွန်များ ပြန်အမ်းပေးခြင်း၊ ပြည်ပအလုပ်သမားများအတွက် ပေးဆောင်ရသည့် အခွန်အခ များကို လျှော့ပေါ့ပေးခြင်းနှင့် လုပ်ငန်းရင်းနှီးငွေအတွက် ယာယီချေးငွေထုတ်ပေးခြင်း စသည့်တို့ပါဝင်ကြောင်း သိရှိရ ပါသည်။

 

သတင်းအရင်းအမြစ်။           ။ CAN Asia News/ The Straits Times

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

Category: International News